ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းသူ၊ သင်တန်းသားများ မွန်ပြည်နယ် ငါးလုပ်ငန်းစခန်း (သထုံ) သို့ လာရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းသူ၊ သင်တန်းသားများ မွန်ပြည်နယ် ငါးလုပ်ငန်းစခန်း (သထုံ) သို့ လာရောက်လေ့လာ






MNP - ဇူလိုင်  ၁၆


စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းအား Online (Zoom Application) ဖြင့် တက်ရောက်ခဲ့သည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ သင်တန်းသူ၊ သင်တန်းသားများတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်း စခန်းသို့ လာရောက်ကာလုပ်ငန်းဆောင်ရွက်မှုများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


လာရောက်လေ့လာရာတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်နိုင်ဝင်းက ငါးလုပ်ငန်းစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ငါးလုပ်ငန်းစခန်း၌ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင်းစဉ် (GAqP Modern Farm) ဆောင်ရွက်ထားရှိမှု၊ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထားရှိမှုနှင့် ငါးလုပ်ငန်းသင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်မှု၊ ငါးဆေးထိုးသားဖောက်ခြင်း၊ မျိုးငါးကြီးများ ပြုစုစောင့်ရှောက်ခြင်း၊  ငါးသားဖောက်ရုံနှင့် ငါးမှုံငါးသန် ပြုစုထုတ်လုပ်ခြင်း စသည်တို့ကို လက်တွေ့လိုက်လံပြသရာ သင်တန်းသူ၊ သင်တန်းသားများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြပြီး ကော့ကရိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦး‌စောဖွန်စမိုက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းကို Online (Zoom Application) ဖြင့် ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ မွန်ပြည်နယ်မှ အလုပ်သင်နေ့စားဝန်ထမ်း ၈ ဦးနှင့် ကရင်ပြည်နယ်မှ ၆ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)