MNP - ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသားအလေးချိန် ပိဿာ၊ ကျပ်သား ဖော်ပြပါရှိမှု ရှိ၊မရှိကို ယမန်နေ့ နံက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဥသျှစ်ပင်မြို့ စည်ပင်သာယာဈေးအတွင်း စားသောက်ကုန်စည်များ ရောင်းချသည့် ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီ(ဘူးသွတ်)ဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသား ပိဿာကျပ်သား ဖော်ပြပါရှိကြောင်း သိရသည်။ ကုန်အမှတ်တံဆိပ်များတွင် ကုန်အညွှန်း အမှတ်အသားများနှင့် ပါဝင်သည့် အလေးချိန်များတွင် ကျပ်သား/ ပိဿာ၊ ဖော်ပြခြင်းရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စားသုံးဆီဘူးများတွင် ကျပ်သား၊ပိဿာများ ဖော်ပြပါရှိကြောင်း စိစစ်စစ်ဆေး တွေ့ရှိခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment