မိုးညိုမြို့နယ်အတွင်း အိမ်ထောင်စုလူဦး‌ရေ စာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့်ထည့်သွင်းနိုင်ရေး သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်အတွင်း အိမ်ထောင်စုလူဦး‌ရေ စာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့်ထည့်သွင်းနိုင်ရေး သင်တန်းပို့ချ



MNP - ဇူလိုင်  ၁၆


ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေး သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၁၀ နာရီက မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ပြုလုပ်ခဲ့သည်။


မိုးညိုမြို့နယ်အတွင်း ဆောင်ရွက်ပြီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များအား အခြေခံ၍ တိကျမှန်ကန်သော အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ဖြစ်စေရေးအတွက် Program စနစ်တစ်ခုဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိနိုင်ရန်လိုအပ်လာလျှင်လည်းကောင်း၊ မှန်ကန်တိကျသော အထောက်အထားများကို အမြန်ဆုံးသိရှိ အထောက်အကူဖြစ်စေရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) များအား Software Program ထည့်သွင်းနိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ကပြောကြားသည်။ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) များအား Software Program ထည့်သွင်းနိုင်ရေးသင်တန်းသို့  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက သင်တန်းပို့ချပေးပြီး ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)