ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



MNP - ဇူလိုင်  ၁၆


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည် းအဝေးကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံမှု ဒုတိယအကြိမ် (၆)လပြည့်ပြီးသူများသည် တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ထိုးနှံဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆောင်ရွက် ပေးစေလိုပါကြောင်း၊ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ ကို ကိုဗစ်ကာကွယ်ဆေးများ  ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ဂွမြို့နယ်အနေဖြင့် ၉၄%ကျော် ကာကွယ်ဆေး လွှမ်းခြုံမှုရှိပြီဖြစ်ပါကြောင်း၊ တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့် ကျောင်းသား၊ကျောင်းသူများ အနေဖြင့်လည်း လာမည့်လတွင် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရာတွင် ပထမအကြိမ်အဖြစ် ဝင်ရောက်ထိုးနှံနိုင်ပါကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းနေပြင်ပ ကလေးများလည်း ကျန်ရှိမှုမရှိစေရေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း/ မိသားစုဝင်များလည်း ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၂၃-ခုနှစ် သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အခြေခံ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသောသူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကောင်းစံမြတ်က ယခုအခါ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်၏ မျိုးစိတ်အသစ် များကို စတင်တွေ့ရှိနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းများဖြင့်သာ ထိရောက်စွာ ကာကွယ်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် (၁၈)ရက်မှ(၂၉)ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် မြို့နယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် နှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်သည့်အတွက် ကာကွယ်ဆေးများအား လာရောက်ထိုးနှံကြစေလိုပါကြောင်းနှင့် ကျေးရွာများသို့ ကိုဗစ်ကာကွယ်ဆေးသွားရောက်ထိုးနှံမည့် အစီအစဉ်များအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်  အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလို သည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)