မတ္တရာမြို့နယ်၌ GW-11 နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ GW-11 နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 



MNP - ဇူလိုင်   ၉


မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် GW-11ရက်(၁၁၀) နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀နာရီက ဝန်စုကျေးရွာ ကွင်းအမှတ် ၂၅၁၊ ဦးပိုင်အမှတ်(၁၁/၂) တောင်သူ ဦးညီညီ၏ လယ်မြေတွင်ကျင်းပပြုလုပ်ခဲ့သည်။


စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများမှ တောင်သူဦးညီညီ၏ လယ်မြေ ၄ဒဿမ၄၆ ဧကမှ ဒဿမ၁၀၊ ဝ.၁၀ စံကွက်ကို စပါးရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကအစို (၁၇၂.၅၀) တင်း ထွက်ရှိခဲ့သည်။


အဆိုပါ GW-11 နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပြီး မတ္တရာမြို့နယ်၌ နွေစပါးစိုက်ဧက ၄၆၇၇၇ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)