NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ဖွဲ့စည်းထားသော NUG အကြမ်းဖက်အဖွဲ့ နှင့် ဆက်သွယ်၍ Online စနစ်ဖြင့် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား ဦးဆောင်သူ တရားခံပြေး ကောင်းသိုက်စိုး အပါအဝင် ၃ ဦးအား ဖာခန်းတွင် ပျော်ပါးနေစဉ် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ဖွဲ့စည်းထားသော NUG အကြမ်းဖက်အဖွဲ့ နှင့် ဆက်သွယ်၍ Online စနစ်ဖြင့် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား ဦးဆောင်သူ တရားခံပြေး ကောင်းသိုက်စိုး အပါအဝင် ၃ ဦးအား ဖာခန်းတွင် ပျော်ပါးနေစဉ် ဖမ်းဆီးရမိ




MNP ၊ ဇူလိုင်လ ၁၆ 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ အစိုးရစာသင်ကျောင်းများ၌ ကျောင်းတက်ရောက်ခြင်းမပြုလုပ်စေရန်နှင့် အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ဖွဲ့စည်းထားသော NUG အကြမ်းဖက်အဖွဲ့ မှ အဖွဲ့ဝင်တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။


၎င်းအစီအစဉ်တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားသူမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြစ်သားမြို့နယ်တွင် ဆူပူဆန္ဒပြမှုများ၌ ဦးဆောင်ပါဝင်ခဲ့သဖြင့် မြစ်သားမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်လှစ်ထားသည့် တရားခံပြေး ကောင်းသိုက်စိုး (CDM၊ လက်ထောက်မြို့နယ်ပညာရေးမှူး)၊ ၃၂ နှစ်၊ (ဘ) ဦးရန်အောင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နေသူဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နေ့လယ်တွင် ကောင်းသိုက်စိုး အပါအဝင် ဝင်းဗိုလ်(ခ)ဘိုဘို (CDM၊ မူလတန်းပြ)၊ ၂၈ နှစ်၊ (ဘ) ဦးထွန်းရွှေ၊ ကျောက်ဆည်မြို့နယ်၊ ကျားကာရွာနေသူနှင့် သန့်စင်ထိုက် (CDM၊ မူလတန်းပြ)၊ ၂၈ နှစ်၊ (ဘ) ဦးမောင်အေး၊ မြစ်သားမြို့နယ်၊ မြင်းရွာကြီးကျေးရွာနေသူတို့ ၃ ဦးအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်ရှိ ပြည့်တန်ဆာအခန်းတွင် အမျိုးသမီးများနှင့်အတူ သောက်စားပျော်ပါးနေချိန်၌ ဖမ်းဆီးရမိခဲ့သည်။


Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်၌ အကြမ်းဖက် အုပ်စုဖြစ်သည့် NUG က ကျောင်းအုပ်ကြီးအဖြစ်သတ်မှတ်ထားသူ ကောင်းသိုက်စိုး၏ ထွက်ဆိုချက်များအရ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ဖွဲ့စည်းထားသော NUG အကြမ်းဖက်အဖွဲ့ ၏စေခိုင်းမှုဖြင့် Kaung For You Federal Private School Team အား ၂၀၂၂ ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် Online မှတစ်ဆင့် အဖွဲ့ဝင် ၁၂ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် စတင်သင်ကြား ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ ထိုသို့သင်ကြားပို့ချနိုင်ရန်အတွက် CDM ပြုလုပ်ထားသူ ဆရာ/ဆရာမ ၄၀၀ ဦးခန့်အား ခန့်အပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊  ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဇွန်လ ၁ ရက်မှစတင်၍ Online မှတစ်ဆင့်တရားမဝင် ကျောင်းအပ်လက်ခံခဲ့ပြီး Online အခြေပြုစာသင်ကြားမှု အတွက် Zoom Application၊ Facebook၊ Telegram ၊ Signal ၊ Gmail ၊ Messenger တို့တွင် Group များဖွဲ့၍ ဆက်သွယ်အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိရသည်။


ထိုသို့ Online မှတစ်ဆင့် စာသင်ကြားမည့် CDM ကျောင်းဆရာ/ဆရာမများအတွက် လစာငွေအား ကျောင်းအပ်နှံသူ ကျောင်းသား/ကျောင်းသူများ၏ မိဘများထံမှ တစ်လလျှင် တစ်ဦးအနည်းဆုံး ၁၀,၀၀၀ ကျပ်နှုန်းကောက်ခံခဲ့ပြီး ကောက်ခံရရှိသည့် ငွေများအား တရားခံ ကောင်းသိုက်စိုးအပါအဝင် အဖွဲ့ဝင် ၃ ဦးသည် တောင်ကြီးမြို့နှင့် ကလောမြို့များတွင် လောင်းကစားပြုလုပ်ခြင်း၊ ပြည့်တန်ဆာအမျိုးသမီးများနှင့် ပျော်ပါးခြင်း၊ သောက်စားခြင်းများပြုလုပ်သည့်အပြင် ငွေကြေးလိုအပ်လာသောအခါ Kaung for You တွင် စာသင်ကြားနေသော CDM ပြုလုပ်ထားသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ မိဘများထံမှ Online မှတစ်ဆင့် အမည်အမျိုးမျိုး၊ အကောင့်အမျိုးမျိုးအသုံးပြု၍ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ပြီး ရရှိလာသောငွေများအား ၎င်းတို့၏ အပျော်အပါးကိစ္စများနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင်  သုံးစွဲခြင်းများဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များမှ စစ်ဆေးပေါ်ပေါက်ချက်များ အပေါ်အခြေခံ၍ Kaung For You Federal Private School တရားမဝင်စာသင်ကြားမှု အစီအစဉ်တွင်ပါဝင်သည့် ဆရာ/ဆရာမများ၊ ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း ဆက်လက်ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။


သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သား/သမီးများအား NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ဖွဲ့စည်းထားသော NUG အကြမ်းဖက်အဖွဲ့က တရားမဝင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုရန်၊ နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံတက်ရောက်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် တရားမဝင်စာသင်ကြားမှုပြုလုပ်နေသည့်  Kaung For You Federal Private School အပါအဝင် အခြားတရားမဝင် စာသင်ကျောင်း များနှင့်ပတ်သက်သည့်သတင်းရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်း ပေးပို့စေလိုကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)