ရွှေကျင်မြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းကို မီးရှို့ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကျင်မြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းကို မီးရှို့ဖျက်ဆီး


MNP ၊ ဇူလိုင် ၇

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၅ ရက် ည ၉ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာ၌ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၆၃၀ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ကာ ထွက်ခွာသွားခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာနေ ပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဆရာ၊ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် ၂ ခန်းတွဲမှ အခန်း တစ်ခန်းနှင့် စာကြည့်တိုက်အခန်းအတွင်းရှိ ၃ ထပ်သားပြား ၂ ချပ်၊ စားပွဲခုံ ၁ လုံး၊ စာရွက် စာတမ်း များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)