ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံ ဝန်ထမ်းများအား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ အား PDF အမည်ခံအကြမ်းဖက်သမားများက ဓားပြတိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံ ဝန်ထမ်းများအား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ အား PDF အမည်ခံအကြမ်းဖက်သမားများက ဓားပြတိုက်


MNP ၊ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံဝန်ထမ်းများ အား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ အား PDF အမည်ခံအကြမ်းဖက်သမား များက ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၅ ရက် နံနက်ပိုင်း၌ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းချုံကျေးရွာ၌ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် Myanmar Effort အထည်ချုပ်စက်ရုံကုမ္ပဏီပိုင်ရှင်ဖြစ်သူ အဆိုပါ ကျေးရွာနေ ဦးဖြိုးမင်းကျော် (၃၁)နှစ်(ဘ)ဦးဆန်းထွန်းသည် စက်ရုံမှ ဝန်ထမ်းများအား လစာပေး နိုင်ရေးအတွက် ပခုက္ကူမြို့၊ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၂၆၀၀ အား ၎င်းစီးနင်းသည့် MGY 9G----— Hundi မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းသွားရောက်ထုတ်ယူပြီး ကျေးရွာသို့ပြန်လာစဉ် နံနက် ၁၁ နာရီခွဲအချိန် ပန်းတိုင်းချုံးကျေးရွာအနီးအရောက်၌ လမ်းဘေးရပ်တန့်ထားသည့် Nisan Tarano အမျိုးအစားအဖြူရောင်ယာဉ်ပေါ်မှ PDF အမည်ခံအကြမ်းဖက်သမား ၆ ဦးခန့်မှ လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ဆင်းလာပြီး ဦးဖြိုးမင်းကျော်၏ မော်တော်ယာဉ်အား တားဆီးကာ အဆိုပါမော်တော်ယာဉ်နှင့် ယာဉ်ပေါ်တင်ဆောင်လာသည့် ဝန်ထမ်းများ လစာပေးချေရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀၊ လက်ကိုင်ဖုန်း ၃ လုံးတို့အား ဓားပြတိုက်လုယက် ယူဆောင်ကာ ရေစကြိုမြို့နယ်၊ ဆင်ကျို့ကျေးရွာဘက်သို့ မောင်းနှင်ထွက်သွားခဲ့ပါသည်။

ထိုကဲ့သို့ Myanmar Effort အထည်ချုပ်စက်ရုံပိုင်ငွေနှင့် မော်တော်ယာဉ်တို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)