စလင်းမြို့နယ်၌ NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ဆရာ၊ ဆရာမများအား ခြိမ်းခြောက်၍ မော်တော်ဆိုင်ကယ်များအား လုယက်ယူဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်၌ NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ဆရာ၊ ဆရာမများအား ခြိမ်းခြောက်၍ မော်တော်ဆိုင်ကယ်များအား လုယက်ယူဆောင်


MNP ၊ ဇူလိုင် ၂၄

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေး ကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၃ ရက်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကင်းပွန်းခြုံကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် ကျွဲဦးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ PDF အမည်ခံအကြမ်းဖက်သမား ၁၀ ဦးခန့်က မောင်တော်ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး ဆဲဆိုကြိမ်းမောင်း၍ ကျောင်းအတွင်း နေထိုင်ကြသည့် ဆရာ၊ ဆရာမ များအား “ပညာသင်ကြားခြင်းများအား ဆက်လက်မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်ပါက သတ်ပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ ဆရာ၊ ဆရာများ ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ၅ စီး တို့ကို လုယက်ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)