အစွန်းရောက် အကြမ်းဖက်ပါတီ NLD နှင့် UEC - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစွန်းရောက် အကြမ်းဖက်ပါတီ NLD နှင့် UEC


ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြနေကြတာကို တွေ့ရလို့ ဟုတ်မှ ဟုတ်ပမလားလို့ သံသယဖြစ်မိတယ်။ ပြည်ဖျက်မီဒီယာတွေဆိုတာက အမှန်ကို အမှားဖြစ်အောင်၊ အကြမ်းဖက်သမားကို သူတော်စင်ဖြစ်အောင် ဖန်တီးရေးသားတတ်ကြသူတွေ ဖြစ်တယ်။ ဘာမဟုတ်တဲ့ကိစ္စကိုလည်း မိုးမီးလောင်နေသလို ရေကြီးခင်ကျယ် လုပ်ပြီး ရေးတတ်ကြလို့ သူတို့ရေးတိုင်း မယုံရဲဘူးလေ။ 

ဒါနဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီရဲ့ တရားဝင် စာမျက်နှာကို ဝင်ကြည့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ၊ အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရက်စွဲ - ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ( ၉ ) ရက်၊ သတင်းထုတ်ပြန်ချက်အမှတ် (၇/၂၀၂၂) ဆိုပြီး အောက်ပါအတိုင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ 

၁။ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း (၁၁၇၁) နယ်ရှိရာ (၁၁၁၇) နယ်တွင် ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈,၂၇၁,၄၄၇)ဦးရှိရာတွင် ပြည်သူ့လွှတ်တော်တွင် (၂၇,၅၁၂,၈၅၅)ဦး၊ အမျိုးသားလွှတ်တော်တွင်(၂၇၄၉၅၅၅၅)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် (၃၀၄၅၉၁၁၃)ဦး  လာရောက်မဲပေးခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် (၇၁)ရာခိုင်နှုန်းကျော်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး၏(၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး  လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။ 


သူတို့မဲလိမ်မဲခိုး လုပ်ခဲ့တဲ့အကြောင်းတော့ မပါဘူးနော်။ သက်သေတွေ အများကြီးထုတ်ပြမနေပါဘူး။ သတင်းစာရှင်းလင်းပွဲမှာ NLD က ဖွဲ့စည်းခဲ့တဲ့ UEC အဖွဲ့ဝင်ကိုယ်တိုင် မဲမသမာမှုတွေဖြစ်အောင် ဖန်တီးခဲ့တယ်။ UEC ရဲ့ ကြေညာချက်ကို သမ္မတဆိုသူ ဦးဝင်းမြင့်က လိုအပ်သလို ပြင်ဆင်ပြီးမှ ထုတ်ပြန်ခိုင်းတယ်ဆိုတဲ့ မှတ်တမ်းတွေက အထောက်အထားနဲ့ ရှိပါတယ်။ မဲခိုးသလား၊ မခိုးဘူးလားတော့ မပြောတတ်ပါဘူး။ NLD ရဲ့ UEC ဥက္ကဋ္ဌ နဲ့ အပေါင်းအပါတွေတောင် ထောင်နန်းစံနေကြပါပြီ။ သူတို့ရဲ့ ကြေညာချက် အပိုဒ် ၂ မှာတော့-

၂။ မြန်မာပြည်သူတို့သည် ကိုဗစ်၁၉ ကပ်ရောဂါကိုရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စား ဖေါ်ထုတ်ခဲ့ကြပါသည်။ နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ တရားဝင်ဖွဲ့စည်းထားရှိပြီး၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အား တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည့်အတွက်  ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ဆင့်လွှဲအာဏာကို အကြွင်းမဲ့ လက်ခံယုံကြည် ကိုင်ဆွဲထားပါသည်။


ဒါကလည်း ဗြောင်လိမ်တာပဲ။ ရွေးကောက်ပွဲကာလမှာ သူတို့ရဲ့ခေါင်းဆောင် အမျိုးဖျက်မကြီးနဲ့ သမ္မတဟောင်း က မဲဆွယ်စည်းရုံးရေးဆင်းတယ်။ အခြားသောပါတီအဖွဲ့အစည်းတွေ မဲဆွယ်စည်းရုံးရေးဆင်းရင် ကိုဗစ်ကန့်သတ်ချက်ကြောင့် မလုပ်ရဘူး။ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေကို လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် မပြုလို့ ပြဿနာပေါ်ပေါက်လာတော့မှ စောင့်ကြည့်ခွင့်ပေးပါမယ် ဖြစ်သွားတာလေးကို ထည့်ပြောဖို့ ကောင်းပါရဲ့။ လိမ်တာတော့ အခုထိ လိမ်နေတုန်းပဲလို့ ပြောရမယ့် အချက်ဖြစ်ပါတယ်။ နောက်ထပ် အပိုဒ် ၃ မှာတော့ -

၃။ သို့ရာတွင် စစ်ခေါင်းဆောင်တစ်စု၏ ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုကြောင့် ပြည်သူလူထုတစ်ရပ်လုံးမှ စစ်ကောင်စီကိုဆန့်ကျင်တော်လှန်မှုများ နိုင်ငံတစ်ဝှမ်းလုံးပေါ်ပေါက်ခဲ့ပြီး တိုင်းပြည်အခြေအနေမှာ လွန်စွာဆိုးဝါးလှသောအခြေအနေသို့ ရောက်ရှိနေစဉ် စစ်ကောင်စီသည် ပြည်သူလူထုနှင့်နိုင်ငံတကာကိုလှည့်စားရန် နောက်ထပ်ရွေးကောက်ပွဲတစ်ခုကို ကျင်းပရန် ကြံစည် အားထုတ်နေသည်ကို ကြားသိနေရပါသည်။ 


အပိုဒ်(၃) ပါ ရေးသားထုတ်ပြန်ချက်ကလည်း လက်တွေ့ဖြစ်ပေါ်ခဲ့တဲ့အခြေအနေကို ထင်ဟပ်ခြင်း မရှိပါဘူး။ စစ်ခေါင်းဆောင်တစ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလို့ မရတော့တဲ့အခြေအနေမှာ ရွေးကောက်ပွဲ မသမာမှုတွေကို စိစစ်ဖို့ မဲစာရင်းတွေ၊ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ အချက်အလက်တွေ မိတ္တူကူးယူခွင့် တောင်းခဲ့ပါတယ်။ NLD ရဲ့ UEC က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ ညွှန်ကြားချက် မရဘဲ မည်သူကိုမျှ မိတ္တူကူးယူခွင့် မပြုဖို့ ထုတ်ပြန်ပါတယ်။ တပ်မတော်က ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများထံ ဖြန့်ဝေထားတဲ့ မဲစာရင်းတွေ တိုက်ဆိုင်စစ်ဆေးပြီး ဒါတွေကို ဖြေရှင်းဖို့ အကြိမ် ၂၀ ထက်မနည်း တိုက်တွန်းခဲ့ပါတယ်။ အာဏာငမ်းဖမ်းနေတဲ့ NLD က တတိယအကြိမ် လွှတ်တော် ခေါ်ယူပြီး အစိုးရဖွဲ့ဖို့ ကြိုးစားနေတဲ့ အချိန်အထိပေါ့။ ပုဂ္ဂိုလ်ရေးအရလည်း ဖြေရှင်းဆောင်ရွက်သင့်ကြောင်း တပ်မတော်ခေါင်းဆောင်များက ပြောဆိုခဲ့တာရှိတယ်လို့ သတင်းစကားတွေ ထွက်ပေါ်ခဲ့ပါတယ်။ မင်းတို့ရဲ့ ခေါင်းဆောင် အမျိုးဖျက်မကြီး ထောင်ထဲမှာ ရှိနေပါသေးတယ်။ မင်းတို့ရဲ့ ရှေ့နေတွေက တဆင့် မေးမြန်းနိုင်ပါသေးတယ်။ မင်းတို့ရဲ့ ခေါင်းဆောင် အမျိုးဖျက်မကြီးက အဂတိလိုက်စားတာကို မကြိုက်ဘူးပြောပြီး သူကိုယ်တိုင် အဂတိလိုက်စားတဲ့သူဆိုတော့ လိမ်ကောင်း လိမ်နိုင်ပါတယ်။ 


တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ဆောင်ရွက်ဖို့ကိုတောင် အာဏာသက်တမ်း ကုန်ဆုံးချိန်အထိ စောင့်ပြီးမှ သမ္မတ အိမ်တော်က ဆင်းတော့လို့ အသာတကြည်နှင်ထုတ်ခဲ့ခြင်းပါ။ အာဏာသက်တမ်းကုန်ဆုံးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အတိအကျ ပြောရရင် ည ၁၂ နာရီကျော်မှ အမျိုးယုတ်အစိုးရကို မောင်းချခဲ့ခြင်းဖြစ်ပါတယ်။


အာဏာငမ်းဖမ်းနေတဲ့ NLD ပြည်ပြေးတွေရဲ့ ကြေညာချင် အပိုဒ်(၄)မှာတော့ လက်ရှိ UEC ကို တွယ်ပါပြီ။ 

၄။ အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိ သည်သာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်)သည်  မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိပါသဖြင့် မိမိတို့အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ပါကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။ 


၂၀၂၂ ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင်ကျင်းပသော ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီ ဝင်များ၊ တိုင်း/ပြည်နယ်တာဝန်ခံများ အစည်းအဝေး (၂၅/၂၀၂၂) ဆုံးဖြတ်ချက်အရ ဆိုပြီးတော့ အစွန်းရောက် အကြမ်းဖက်ပါတီ NLD က ထုတ်ပြန်လိုက်လေရဲ့ဗျာ။

လက်ရှိ UEC ကို သတင်းစာရှင်းလင်းပွဲတိုင်းမှာ အစွန်းရောက် အကြမ်းဖက်ပါတီ NLD နဲ့ ပတ်သက်လို့ ဘယ်တော့ဖျက်သိမ်းမလဲ၊ အစစ်ဆေးခံသလား အစရှိတဲ့ မေးခွန်းပေါင်းများစွာ မေးမြန်းခဲ့ပါတယ်။  UEC ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း အချိန်စွဲလို့ ရသလောက်စွဲသလို ဝေ့ဝိုက်ပြောလို့ ရသလောက် ဥပဒေကို အကြောင်းပြပြီး ပြောပါတယ်။ သူပြောတာလည်း ဝိနည်းလွတ်ပါပဲ။ ပါတီတစ်ရပ်ဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များကို အဆုံးစွန် ချိုးဖောက်နေတဲ့ အတွက် ကျွန်တော့်အနေနဲ့ မေးခွန်းထုတ်ခြင်း ဖြစ်ပါတယ်။ UEC ကတော့ စစ်ဆေးနေဆဲ၊ ကြိုးစားဆက်သွယ်နေဆဲ၊ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ပဲ အဖြေပေးခဲ့ပါတယ်။


လက်ရှိ UEC ရဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက်အထိ ယုတ္တိကင်းမဲ့လာသလဲဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က PDF က ရွာကို မီးရှို့သွားတဲ့ ဖြစ်စဉ်တွေကို ရှင်းလင်းပြဆိုတယ်။ PDF က အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို ရှင်းလင်းပြောဆိုတယ်။ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်နေကြတဲ့သူတွေ၊ ဖမ်းဆီးရမိတဲ့သူတွေကို ဓာတ်ပုံတွေနဲ့ တကွ ရှင်းလင်းပြောဆိုတယ်။ PDF ဟာ ဘယ်ပါတီက ပေါ်ပေါက်လာတာလဲ။ CRPH, NUG ဆိုတာ ဘယ်ပါတီက ပေါ်ပေါက်လာတာလဲ။ နစက ရဲ့ သတင်းအချက်အလက်တွေကိုတောင် UEC က မကိုးကားဘူး။ ကိုယ်တိုင် စစ်ဆေးပြီးမှ အတည်ပြုချက်ယူမယ်ဆိုတော့ ဥပဒေမဲ့ မျက်နှာပြောင်တိုက်ပြီး NLD ကို အကာအကွယ်ပေးတဲ့ လုပ်ရပ်ဖြစ်နေတယ်။


ကမ္ဘာမှာလည်း သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်။ မြန်မာပြည် ဒုက္ခရောက်နေတာလည်း သတင်းမီဒီယာတွေကြောင့်ပဲ ဆိုတာ UEC ပြောရေးဆိုခွင့်ရှိသူ မသိလို့ မဟုတ်ပါဘူး။ သိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ (UN) လို နိုင်ငံပေါင်းချုပ်အဖွဲ့ကြီးက ပြည်ဖျက်မီဒီယာတွေက အချက်အလက်တွေကို ကိုးကားပြီး မြန်မာနိုင်ငံကို အစဉ်တစိုက်ဖိအားပေးနေတာပဲ။ ယုတ္တိမရှိတဲ့ ထုတ်ပြန်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ပြောဆိုတာ မဟုတ်ဘူးလား။ လက်ရှိ UEC ကရော အဲဒီ ပြည်ဖျက်မီဒီယာတွေဆီက အချက်အလက်တွေကို ကိုးကားပြီး ပြောချင်တာလား။ 


ဒီလိုဆိုရင်လည်း BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိတဲ့ ပြည်ဖျက်မီဒီယာတွေမှာ ဒလန်မို့လို့သတ်လိုက်တယ်။ ပျူစောထီးမို့ သတ်လိုက်တယ်။ စစ်ကောင်စီရဲ့ ထောက်တိုင်မို့လို့ ရှင်းလိုက်တယ် လို့ ရေးသားဖော်ပြချက်တွေကို စုစည်းလိုက်ပါ။ အဲဒါတွေဟာ NLD ပါတီက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ စာရင်းတွေပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့လည်း မီဒီယာပါ။ ပြည်ဖျက်မီဒီယာတွေနဲ့ ရပ်တည်ချက်မတူတဲ့ မီဒီယာတွေပါ။ နစက ကို ထောက်ခံတယ်ဆိုတာ ဥပဒေစိုးမိုးရေးကို တကယ်အလေးထားလုပ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နစ်နာသူပြည်သူတွေကို ကုစားပေးနိုင်ရေး လက်လှမ်းမီသမျှ ဖော်ထုတ်တင်ပြ ရပ်တည်နေတဲ့ မီဒီယာဖြစ်ပါတယ်။  UEC အဖွဲ့ဝင်များခင်ဗျာ NLD အစွန်းရောက် အကြမ်းဖက်သမားများဖြစ်တဲ့ (CRPH, NUG, PDF) တွေက သတ်လို့ သေပွဲဝင်ခဲ့ရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေဟာ ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေ မဟုတ်လို့လား။ ခင်ဗျားတို့ရဲ့ ဆွေမျိုးသားချင်းတွေ မဟုတ်ကြလို့လား။ NLD အစွန်းရောက် အကြမ်းဖက်သမားတွေ သတ်လို့ သေခဲ့ရတဲ့ သံဃာတွေ၊ ဆရာ/ဆရာမတွေ၊ အခြားသောဝန်ထမ်းတွေ၊ အပြစ်မဲ့ ပြည်သူတွေဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားစစ်စစ်တွေ ဖြစ်ကြပါတယ်။ အဲဒီ အကြမ်းဖက်သမားတွေက တိုင်းတပါးသားဆို သူတို့ပထွေးလို သဘောထားပြီး လက်ဖျားနဲ့တောင် မထိရဲပါဘူး။ 


ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးပါတီပေါင်းများစွာ ရှိပါတယ်။ မပြောကြဘဲ နှုတ်ပိတ်နေကြခြင်းက ပြောရင် NLD အကြမ်းဖက်တွေရဲ့ သေနတ်စာမိဖို့ သေချာသလောက် ရှိတယ်။ ပြောလည်း နစက နဲ့ လက်ရှိ UEC က အလေးမထားကြလို့ မပြောကြခြင်းလို့ပဲ မြင်ပါတယ်။ တိုးတိုးတိတ်တိတ် ပြောတာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ 


ကျွန်တော့်အနေနဲ့ကတော့ အစိုးရအဆက်ဆက် ပြောခဲ့တဲ့ ပွင့်လင်းမြင်သာမှုပဲ လိုချင်ပါတယ်။ NLD အစိုးရလက်ထက်မှာ ဖျက်ဆီးခံလိုက်ရတဲ့ အင်အားကြီးပါတီတွေလည်း ရှိပါတယ်။ NLD အစိုးရက သူနဲ့ ပြိုင်ဘက်ဖြစ်လာလို့ အပြစ်ရှာပြီး ဖျက်သိမ်းခြင်းခံလိုက်ရတဲ့ နှင်းဆီပါတီဟာ မတရားသဖြင့် ဖျက်သိမ်းခြင်းခံခဲ့ရပေမယ့် ဆူပူအကြမ်းဖက်လုပ်ခဲ့တာ မရှိပါဘူး။ နှင်းဆီပါတီကြောင့် ပြည်သူလူထု တစ်ဦးတစ်ယောက်မျှ သွေးမြေမကျခဲ့ပါဘူး။ သူကိုယ်တိုင် မတရားသဖြင့် စီရင်လိုက်တဲ့ ကိစ္စကိုတောင် တစ်ဖက်လူရဲ့ အပြစ်ကို ပုံကြီးချဲ့ပြီး ပွင့်လင်းမြင်သာ လုပ်ခဲ့တယ်။ 


အခု တပ်မတော်က NLD ကို မတရားသဖြင့် လုပ်ခဲ့တာလား၊ ဥပဒေမဲ့ လုပ်ကြံလီဆည်ပြီး အာဏာရယူထားလို့လား။ သူ့အပြစ်ကို အကာအကွယ်ပေးပြီး ငဲ့ညှာထောက်ထားနေရအောင် NLD အစွန်းရောက်တွေက နိုင်ငံရေးကို နိုင်ငံနည်းနဲ့ ဖြေရှင်းနေကြသလား၊ အကြမ်းဖက်နေကြသလား။ လူကြီးမင်းတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးချပြီး ဥပဒေကို မျက်ကွယ်ပြု NLD သက်ဆိုးရှည်နိုင်သမျှရှည်အောင် ဆောင်ရွက်ပေးကြပါ။ တစ်နှစ်ကျော်ကြာလာသည့်တိုင်အောင် NLD ပါတီရဲ့ အစွန်းရောက်၊ အကြမ်းဖက် လုပ်ရပ်တွေကို အတည်မပြုနိုင်သေးတာဟာ NLD အစိုးရဖွဲ့စည်းပေးခဲ့တဲ့ ဦးလှသိန်းခေါင်းဆောင်တဲ့ UEC ရဲ့ မျိုးဆက်သစ်တွေလားလို့ မေးခွန်းထုတ်ချင်ပါရဲ့ဗျာ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)