အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့် ဆက်သွယ်၍ Online စနစ်ဖြင့် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဖိတ်ခေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့် ဆက်သွယ်၍ Online စနစ်ဖြင့် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်


MNP ၊ ဇူလိုင် ၂၆

အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့ သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

၎င်းအစီအစဉ်တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားသူ ကောင်းသိုက်စိုး (CDM ၊ လက်ထောက်မြို့နယ်ပညာရေးမှူး) အပါအဝင် ဝင်းဗိုလ်(ခ) ဘိုဘို(CDM ၊ မူလ တန်းပြ)နှင့် သန့်စင်ထိုက်(CDM ၊ မူလတန်းပြ) တို့ ၃ ဦးအား တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်ရှိ ပြည့်တန်ဆာအခန်း၌ အမျိုး သမီးများနှင့်အတူ သောက်စားပျော်ပါးနေချိန် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်ကို ဦးစီးဦးဆောင် ခဲ့သူများ၊ လူငယ်များကို လမ်းမှားရောက်စေရန် တွန်းပို့ခဲ့သူများမှအပ ၎င်းတို့၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုများကြောင့် ပါဝင်ခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား တစ်စုံတစ်ရာအရေးယူမှု ပြုလုပ်သွားမည်မဟုတ် ကြောင်းကိုလည်း သတင်းများ၊ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားခြင်းများဖြင့် အသိပေး ပြောကြားပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များမှ စစ်ဆေး ပေါ်ပေါက်ချက်များ အပေါ်အခြေခံ၍ Kaung For You Federal Private School တရားမဝင်စာသင်ကြားမှု အစီအစဉ်တွင်ပါဝင်သည့် ဆရာ/ဆရာမများ၊ ငွေကြေး ထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းကို အသေးစိတ် ရရှိပြီးဖြစ်သည်။

Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမ များအနက် အချို့သော ဆရာ၊ ဆရာမ များသည် မိမိတို့ လုပ်ဆောင်ခဲ့ သည့် မှားယွင်းသည့် လုပ်ရပ်များအပေါ် အသိတရားရရှိခဲ့ပြီး အေးချမ်းစွာ နေထိုင်လို သည့်အတွက် ကိုယ်တိုင်အသိတရားဖြင့် ပြန်လည်ဆက်သွယ်လာမှုများရှိသည်။ ထိုကဲ့ သို့ သတင်းပို့ဆက်သွယ်လာသူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်၍ Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့ရသည့် ဆရာ၊ ဆရာမများအနေဖြင့် ဥပဒေဘောင်အတွင်း၌ အေးချမ်းစွာ နေထိုင်ဖြတ်သန်းနိုင်ရေးနှင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် နိုင်ငံတော်မှ သဘောထားကြီးစွာဖြင့် ပြန်လည်လက်ခံ ပေးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်များရှိ စီမံအုပ်ချုပ်ရေးကောင်စီရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း နှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းများနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)