တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်နှင့် မြို့နယ်ဥပဒေရုံး RC(၄)ထပ် အဆောက်အဦ ရတနာ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်နှင့် မြို့နယ်ဥပဒေရုံး RC(၄)ထပ် အဆောက်အဦ ရတနာ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားတက်ရောက်






MNP - ဇူလိုင်  ၂


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် အတူ ဇူလိုင်လ(၁)ရက်က မြိတ်ခရိုင်ဥပဒေရုံးနှင့် မြိတ်မြို့နယ်ဥပဒေရုံး (၄၄×၅၉)ပေ RC(၄)ထပ် အဆောက် အဦ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ရုံးသစ်အဆောက်အဦဆောက်လုပ်ရန် ရတနာပန္နက်တော်တင်ဆောင်ရွက်မည့် နေရာများတွင် ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းနှင့် တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် တာဝန်ရှိသူများက နေရာယူကြ၍ မင်္ဂလာအချိန်အခါတွင် ပန္နက်တင်ကြပြီး အမွေးနံ့သာရည် များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်က ပန္နက်တော်တင် မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုးငွေမိုး ရွာသွန်းဖြိုးပေးသည်။    


မြိတ်ခရိုင်ဥပဒေရုံးနှင့် မြိတ်မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်ကို တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်းပေါင်း(၄၅၂.၂၁၄) သန်းဖြင့် (၄၄×၅၉)ပေ RC(၄)ထပ် အဆောက်အဦသစ်ကို နောင်ရိုးမြန်မာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခြင်း ဖြစ်ပြီး (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)