မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား Sinopharm ကာကွယ်ဆေး (ပထမအကြိမ်)ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား Sinopharm ကာကွယ်ဆေး (ပထမအကြိမ်)ဆက်လက်ထိုးနှံပေး



MNP - ဇူလိုင်  ၁၅


ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကာကွယ်မထိုးရသေးသော ကျောင်းသား/သူ(၄၀၆)ဦးအား Sinopharm ကာကွယ်ဆေး (ပထအကြိမ်) ဆက်လက်ထိုးနှံခြင်းကို မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီ အချိန်ခန့်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ယခုလို ကာကွယ်ဆေးထိုးနှံရခြင်းသည် ကျောင်းသား၊ ကျောင်သူများ ကျောင်းတက်ချိန်တွင် တစ်ဦးနှင့်တစ်ဦးနီးနီးကပ်ကပ် ပညာသင်ကြားနေရသောကြောင့် အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍  ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးပြီ Vero Cell  ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား (၁၅)မိနစ်ခန့် သီးသန့်အခန်းတွင် ထားရှိစောင့်ကြည့်ပြီးမှ မိမိအခန်းတို့ပြန်သွား‌စေကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌သောင်းထွဋ်လင်းနှင့် အဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ် လက်ထောက်ပညာရေးမှူး ဒေါ်ရွှေရီဝင်း၊ မိုင်းလုံနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများနှင့် ဆရာ/မများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမြစိုးက ဦးဆောင်၍ ကျန်းမာရေးဆရာမများက တာဝန်ယူထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)