MNP - ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းက အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း အသက်(၅)နှစ်မှ(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ(၂)ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိသော်လည်း သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထိုးနှံထားရှိသူများ၊ နေမကောင်းဖြစ်နေသူများအား ယခုလို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဌာနက သိရသည်။ ကာကွယ် ဆေးထိုးနှံပေးမှုနှင့်ပတ်သက်၍ ထူးခြားမှုတစ်စုံတရာရှိပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အချိန်နှင့်တပြေးညီ သတင်း ပေးပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။
သတင်း - ဝင်းကြိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment