မအီမြို့တွင် ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့ (URC) လပတ်အစည်းအဝေး ပြုလုပ် ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့ (URC) လပတ်အစည်းအဝေး ပြုလုပ် ဆောင်ရွက်



MNP - ဇူလိုင်  ၂၇


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် တောင်ကုတ်မြို့နယ်အတွင်း ငှက်ဖျားကင်းစင်ပပျောက်စေရေးအတွက် ကွင်းဆင်းကုသ ဆောင်ရွက်လျက်ရှိသည့် တောင်ကုတ်မြို့နယ်၊ ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့ (URC)က ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ဝန်ထမ်းများနှင့် လပတ်အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် အဆိုပါ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့(URC)မှ တာဝန်ခံဆရာဝန် ဒေါက်တာ စိုင်းဟုန်ဖက အဖွင့်မိတ်ဆက်အမှာစကား ပြောကြားရာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဝေးလံခေါင်ဖျားကျေးရွာများမှ ကျန်းမာရေးလုပ်သားများအနေဖြင့် မိမိဒေသရှိ ဖျားနာသောလူနာများကို သွေးဖောက်စစ်ဆေးခြင်း၊ ငှက်ဖျားပိုးတွေ့ရှိပါက သင့်တော်သောငှက်ဖျားဆေးများကို အချိန်မီ ထိုးနှံတိုက်ကျွေးခြင်း စသည့် ကိစ္စရပ်များကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ငှက်ဖျားပို့တွေ့ရှိသည့် လူနာစာရင်းများကိုလည်း ဒေသအလိုက် လစဉ်ပြုစုတင်ပြပေးရန် လိုအပ်ပါကြောင်းတို့ကို ပြောကြားခဲ့သည်။


ဖော်ပြပါ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့(URC)သည် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း စသည့် မြို့နယ်တို့တွင် ငှက်ဖျားကင်းစင် ပပျောက်ရေးလုပ်ငန်းစဉ်များကို ကွင်းဆင်းဆောင်ရွက်လျက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ အခြေစိုက်တည်ရှိပါကြောင်းနှင့် အဆိုပါ အစည်းအဝေးသို့ တောင်ကုတ်မြို့နယ်အတွင်းရှိ  ကျေးလက်ကျန်းမာရေးဌာနခွဲများ တည်ရှိရာ မအီ၊ ရွာမ၊ ကင်းတောင်၊ ဆားပြင်၊ လမူး စသည့် ကျန်းမာရေးဌာနခွဲများမှ ဝန်ထမ်းများနှင့် ဝေးလံခေါင်ဖျားဒေသများမှ ဒေသခံကျန်းမာရေးလုပ်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)