ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် X-ray Digital ဓာတ်မှန်စက်လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် X-ray Digital ဓာတ်မှန်စက်လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

 



MNP - ဇူလိုင်   ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ် ပြည်သူ့ဆေးရုံတွင် X-ray Digital ဓာတ်မှန်စက် လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး အသက် ၉၁ နှစ်ပြည့် မွေးနေ့အလှူရှင် မိခင်ကြီး ဒေါ်ခင်ယုံကိုယ်စား သားဖြစ်သူ ဦးအေးဟန်က ဓာတ်မှန်စက်လှူဒါန်းရခြင်အား ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ကျောက်တန်းမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူး ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ပြေမှ ကျေးဇူးတင်စကားပြောကြားပြီး ရပ်မိရပ်ဖများကိုယ်စား ဦးချန်စိန်မှ ဝမ်းမြောက်စကားပြောကြားခဲ့သည်။


ထို့နောက် မိခင်ကြီး ဒေါ်ခင်ယုံနှင့် မောင်နှမတစ်စုတို့က ဓာတ်မှန်စက်လှူဒါန်းခြင်းဆိုင်ရာ စာရွက်စာတမ်းများ ပေးအပ် လှူဒါန်းခဲ့ရာ မြို့နယ်ဆေးရုံးအုပ်ကြီးမှ လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ဓာတ်မှန်ခန်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရ သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)