မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose ) ထပ်မံထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose ) ထပ်မံထိုးနှံ



MNP - ဩဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်‌ဆေး စတုတ္ထအကြိမ်(2nd Booster Dose) ထပ်မံထိုးနှံပေးခြင်းနှင့် တတိယအကြိမ်(Booster Dose)ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့်တတိယအကြိမ် စုစုပေါင်း(၃)ကြိမ်ထိုးနှံထားပြီး(၆)လအထက်ရှိသူများအား ကိုဗစ်-၁၉  ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ်(2nd Booster Dose)ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထို့အတူ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်(၂)ကြိမ်ထိုးနှံထားပြီး(၆)လအထက်ရှိသူများအား တတိယအကြိမ်(Booster Dose)ထိုးနှံပေးခြင်း၊ ကာကွယ်‌ဆေးပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမှကာကွယ်ဆေးမထိုးနှံရသေးသူများကိုလည်း (ပထမအကြိမ်)ထိုးနှံပေးလျက်ရှိသည်။


အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်မိုးကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်‌ဌေးနှင့်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)