MNP ၊ သြဂုတ် ၁
သတင်းလိမ် သတင်းမှားများ ရေးသားဖြန့်ဝေလေ့ရှိသည့် Ayeyarwaddy Times သတင်းစာမျက်နှာမှ "မအူပင်မြို့တွင် စစ်ကောင်စီသတင်းပေးများ ကျောင်းလုံခြုံရေးစောင့်ရင်း မူးယစ်ရမ်းကားနေ" ဟု ခေါင်းစဉ်တပ်၍ မဟုတ်မမှန် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။
မအူပင်မြို့မှ ဆရာတော်တစ်ပါးက "ဒီသတင်းဌာန ရေးသားဖော်ပြထားတာနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ကျောင်းလုံခြုံရေးအတွက် လူငယ်တွေက ဝိုင်းဝန်းကူညီဆောင်ရွက်တယ်ဆိုတာ ညမှုညတာ မှာ ကူညီဆောင်ရွက်ပေးကြတာပါ။ ဒီသတင်းဌာနက မဟုတ်မမှန် ရေးသားဖော်ပြပြီး လုံခြုံရေးပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့သဘောပါ။" ဟု ရှင်းလင်း မိန့်ကြားသည်။
Ayeyarwaddy Times သတင်းစာမျက်နှာ၏ ရေးသားဖော်ပြချက်တွင် "ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စာသင်ကျောင်းလုံခြုံရေးအကြောင်းပြပြီး ကင်းချထားတဲ့ စစ်ကောင်စီ သတင်းပေးလုပ်သူတွေက ကျောင်းမှာအရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားတာတွေပြုလုပ်နေတယ် လို့ဒေသခံတွေကထံက သိရပါတယ်။ စစ်ကောင်စီသတင်းပေးအများစုဟာ နေ့ခင်းဘက်မှာ ကျောင်းလုံခြုံရေးစောင့်ပြီး မသင်္ကာတဲ့သူတွေကို ပိုက်ဆံ တောင်းကာ ညဘက်မှဦ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားတာတွေပြုလုပ်နေတာလို့ ဒေသခံ တွေက ပြောပါတယ်။ “ အဆိုးဆုံးကတော့ အထက ၁ ကျောင်းမှာစောင့်တဲ့ ဒလန်တွေက အဆိုးဆုံးဖြစ်နေတာ ညဘက်ဆို ကားတွေ ဆိုင်ကယ်တွေနဲ့ ထွက်သွားလိုက် ပြန်လာရင် အော်ဟစ်ဆဲဆိုလိုက် ညဉ့်နက်လေပိုဆိုးလေဖြစ်နေတာ”လို့ ကျောင်းသားမိဘတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။" ဟု လုပ်ကြံဖန်တီး ရေးသားထားသည်ကို တွေ့ရသည်။
အဆိုပါ Ayeyarwaddy Times သတင်းဌာနသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေပြီး သတင်းလိမ် သတင်းမှားများ မကြာခဏ ရေးသားဖော်ပြ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment