MNP ၊ ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးများပုံမှန်ကာကွယ်ဆေးထိုးခြင်းကို စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံ ကြီး(၂) ထပ်ဆောင်၊ လက်ပန်လှကျေးရွာ ကျန်းမာရေးဌာန၊ ထုံးကြီးကျေးရွာ တိုက်နယ်ကျန်းမာရေးဌာနနှင့် ဆည်သည်ကျေးရွာ ကျန်းမာရေးဌာန၊ စုစုပေါင်း (၄)နေရာတို့တွင် ဩဂုတ်လ၂ ရက်နေ့ နံနက် ၉ နာရီခွဲမှစ၍ ၂ရက်တိုင် ထိုးနှံပေးသွားမည် ဖြစ်သည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စေရန် ယခုလမှစတင်ထိုးနှံကြမည့်ကလေးများ အတွက် မွေးစာရင်းမရှိသေးပါက မိဘများအနေဖြင့် ကလေးအမည်၊ မွေးသက္ကရာဇ် (ခရစ်သက္ကရာဇ်ဖြင့်)၊ ဖခင်အမည်၊ မိခင်အမည်နှင့် နေရပ်လိပ်စာ တို့ကိုစာရွက်ပေါ်တွင် ရေးသားယူဆောင်လာကြရန်၊ ယခုလတွင် ကာကွယ်ဆေးများ စုံလင်စွာထိုးနှံပေးမည်ဖြစ်၍ မိမိကလေး၏ ကာကွယ်ဆေးထိုးကဒ်ပြားကို သေချာစွာ စစ်ဆေးပြီး မထိုးရသေးသော ကာကွယ်ဆေး ရှိပါက ထပ်မံလာရောက်ထိုးနှံကြရန်နှင့် မိမိတို့ နီစပ်ရာ ကျန်းမာရေးဌာနတွင် ယခင်ထိုးထားသော ကာကွယ်ဆေးထိုးကဒ်ပြား ယူဆောင်၍ ထိုးနှံနိုင်ကြောင်း စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost

No comments:
Post a Comment