MNP ၊ ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင် က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လုပ်ငန်းလမ်းညွှန် မှာကြားချက်များအား ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် သိရှိလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့အစည်းအဝေး ကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့်ထိတွေ့ဆက်ဆံရာတွင်ပြေပြစ် ချောမွေ့စွာ ဆက်ဆံရန်လိုအပ်ကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အလုပ်ခွင်သတ်မှတ်စည်းကမ်းများနှင့် အညီ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အခ များအား အပြည့်အဝရ ရှိစေရေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မြို့နယ်နှင့် ဌာနဆိုင်ရာရုံးများ အလိုက် သန့်ရှင်းသာယာလှပရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မြို့နယ် စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်၊ ပျိုးပင်များအား ဆက်လက်စိုက်ပျိုးသွားရမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စများ အပါအဝင် လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး
တက်ရောက်လာသည့် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လမ်းညွှန်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်မည့်အခြေအနေများ၊ လက်ရှိ ဆောင်ရွက်နေမှုများကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment