MNP - သြဂုတ် ၁
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ စိုက်ပျိုးရေးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံတွင် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုပညာပေးသင်တန်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွာငံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ရွာငံ)မှ ခြံဦးစီးမှူး ဦးသက်နိုင်ထွေးက ရွာငံကော်ဖီခြံသမိုင်းနှင့် ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို သင်တန်းပို့ချပေးခဲ့ ပြီးကော်ဖီကိုင်းဖြတ်ပြုပြင်ရာတွင် အသုံးပြုသော ပုံသွင်းကိရိယာနှင့် ကော်ဖီလုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ တက်ရောက်လာသည့် သင်တန်းသားများက လက်ခံရယူကြကြောင်းသိရသည်။ ယင်းသင်တန်းသားများသည် ကော်ဖီခြံများသို့ လက်တွေ့ကွင်းဆင်း သွားရောက်လေ့လာကြကြောင်းနှင့် အဆိုပါသင်တန်းတွင် ကော်ဖီစိုက်တောင်သူများနှင့် ကော်ဖီဝါသနာရှင် အပါအဝင်သင်တန်းသား/သူ(၃၀) ဦးတက်ရောက်ကြကြောင်းလည်း သိရသည်။
သတင်း - ပြည့်ဖြိုးသန့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment