သံဖြူဇရပ်မြို့နယ်၌ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၌ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်



MNP - သြဂုတ်   ၅


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ရုံးဌာနများအနေဖြင့် မိမိရုံးလုံခြုံရေးကို အလေးထား ဆောင်ရွက်ကြစေရေး၊ ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန့်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့၏ ရပ်ကွက်/ ကျေးရွာအတွင်း ယှဉ်ပြိုင်မည့်သူများကို ရွှေးချယ်ပြီး ပညာရေးဌာနနှင့် ပူးပေါင်းပါဝင်ကြစေရေး၊ ဌာနဆိုင်ရာများ အနေဖြင့်လည်း (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တူယှဉ် နွှဲပျော် လွတ်လပ်ရေးနေ့ သီချင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင် လေ့ကျင့်ထားကြရန်  ပြောကြားသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းဦးက မိမိရုံးဌာနများအနေဖြင့် မိမိရုံး လုံခြုံရေးကို အလေးထား ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများမှ ပူးပေါင်း၍ မြို့ဝင်ဂိတ်များတွင် စုပေါင်းစစ်ဆေးခြင်းများကို အလေးထား ဆောင်ရွက်ကြရန် ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးက မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)Sever ထည့်သွင်း ရိုက်ကူး ခြင်းလုပ်ငန်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ယခုထက်ပို၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေး ဆွေးနွေးသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး ရဲမှူး ခင်မောင်ထွန်းမှ လုံခြုံရေးဆိုင်ရာများ လုပ်ဆောင်နေမှု အခြေအနေနှင့် တိုးမြှင့် ဆောင်ရွက်မည့် အခြေအနေများကို ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူမှလည်း ပြန်လည် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)