တံတားဦးမြို့နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ



MNP - ဩဂုတ်   ၃၀


တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြို့ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝနရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူ များတွေ့ဆုံဆွေးပွဲကို ယနေ့နံနက် (၉)နာရီက တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာအုပ်စု ဘလဲ့ဘကျေးရွာ သိမ်တော်ဘုရားဓမ္ဓာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ဦး ဒေသခံပြည်သူများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးသည် အလွန်ပင်အ‌ရေးကြီးပါကြောင်း၊  ဒါ့အပြင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ဆွေးနွေးပေးစေလိုကြောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးရဲလင်းသူနှင့် ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ထွန်းထွန်းနိုင်တို့က လိုအပ်သည်များကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်များက မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် လုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့ကို ဒေသခံပြည်သူများအား  အသီးသီးရှင်းလင်းဆွေးနွေးပြောကြားသည်။


အဆိုပါတွေ့ဆုံဆွေးနွေး၌ ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရီရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအစရှိသည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)မှ သက်ဆိုင် ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)