ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှုပြုလုပ်နိုင်ရေး အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှုပြုလုပ်နိုင်ရေး အစည်းအဝေးကျင်းပ



MNP - သြဂုတ်   ၃၀


ပုသိမ်မြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသေးသည့် မြို့ပေါ်နှင့်ကျေးလက်ဒေသများ ရှိပြည်သူများ ဆက်လက်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ပုသိမ်မြို့နယ်၊ မြက်တိုစုပေါင်းရုံးရှိ အစည်းဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာမိသားစုများ ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံပြီးစီးမှုစာရင်း ကောက်ယူရေးနှင့် ထိုးနှံရန်ကျန်ရှိသည့် ဝန်ထမ်းမိသားစုများကို ပထမဦးစားပေးအနေဖြင့် ထိုးနှံပေးမှာဖြစ်ပြီး ဒုတိယအနေဖြင့်ရေလမ်း၊ ကုန်းလမ်း ခရီးစဉ်များတွင်   သွားလာနေသူများကို    ထိုးနှံပေးမှာဖြစ်ကြောင်း၊    ကျေးရွာများရှိ ကာကွယ်ဆေး တတိယအကြိမ် မထိုးရသေးသူများစာရင်းကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ စာရင်းကောက်ယူ၍ ပေးမှသာ မြို့နယ်ကျန်းမာရေးဦးစီးဌာန အနေဖြင့် လွယ်ကူစွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပုသိမ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝင်းအောင်က ကာကွယ်ဆေး တတိယအကြိမ် မထိုးနှံရသေးသည့် မြို့ပေါ်ရပ်ကွက်များနှင့် ရပ်ကျေးများမှ ကွာဟနေသည့်စာရင်းများ ပြည့်စုံပါက ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှုကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ပုသိမ်မြို့နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)