လားရှိုးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်တွင် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်တွင် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

 


MNP - ဩဂုတ်   ၂၀


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ဘုန်းကြီး ကျောင်းများ၊ ရပ်ကွက်များရှိ နေအိမ်များအတွင်းသို့  ခြင်ဆေးဖျန်းခြင်းများ၊ အဘိတ်ဆေး ခပ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ (၅)နာရီအချိန်က လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် အတွင်ရှိ  ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ရာသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင် ဗိုလ်မှူးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ခြင်ဆေးဖျန်းခြင်းကို လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကြီးကြပ်ကာ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိသည့် အိမ်ပတ်ဝန်းကျင်များ ခြင်ခိုအောင်းနိုင်သည့် နေရာများသို့ ကွင်းဆင်းကာ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် မိုးရာသီကာလ အတွင်း လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်းနှင့် အခြေခံပညာ ကျောင်းများသို့  သွားရောက် ကွင်းဆင်းကာ အဘိတ်ဆေးခတ်ခြင်းများ၊ ရေစည်၊ ရေအိုးများတွင် ခြင်ခိုအောင်းမှု မရှိစေရန် ဖုံးထားခြင်း၊ ရေစည်၊ ရေအိုးများ၏ အတွင်းပိုင်းကို တစ်ပတ်တစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီး သွန်စေခြင်း၊ ဘုရားပန်းအိုး၊ အလှပန်းအိုးများကို တစ်ပတ်နှစ်ကြိမ် တိုက်ချွတ် ဆေးကြောပြီး ရေလဲစေခြင်း၊ ရေရှားပါးသော နေရာဒေသများတွင် ပိုးလောက်လန်း ပါသော ရေများကို ရေစစ်ဖြင့် ရေလဲစေခြင်းများ ပြုလုပ်ရန် ကွင်းဆင်း၍ အသိပညာပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။


သတင်း - စိုင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)