MNP - ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာတွင် ဘူးစိုက်ပျိုးရောင်ချသူများအဆင်ပြေလျက်ရှိကြောင်းနှင့် ဘူးပင်များစိုက်ပျိုးမည်ဆိုပါက ဦးစွာထယ်ရေးညက်ညက်တွင် သဘာဝ မြေဩဇာဖြစ်သည့်နွားချေးနှင့် မြေပြင်ထားပြီး တစ်ပင်နှင့်တစ်ပင်(၆)ပေ၊ တစ်တန်းနှင့်တစ်တန်း(၁၈) ပေ စိုက်ပျိုးမှသာ လေဝင်လေထွက်နှင့်နေရောင်ခြည်ကောင်းစွာရရှိ၍ အသီးအထွက်နှုန်းကောင်းမွန် ကြောင်း သိရသည်။
ဘူးပင်များစိုက်ပျိုးမည်ဆိုပါက အသေအပျောက်မရှိစေရန်အတွက် မြေဆွေးအထုပ်များနှင့် အညှောက် ဖောက်ပြီးမှသာ စိုက်ပျိုးရကြောင်း ဘူးတစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်အရေအတွက် (၆၀၀)ခန့် ဝင်ဆန့်ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်တွင်ဘူးသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် ဘူးသီးတစ်လုံးလျှင် ငွေကျပ်(၅၀၀)ရာမှ(၈၀၀)ကျပ်အထိ အမျိုးမျိုးရောင်းချရပြီး ရောင်းချရာ တွင်(၂)လခန့်အထိ တစ်ရက်ခြား ခူးဆွတ်ရောင်းချရကြောင်း သိရသည်။
ဘူးပင်သည့် ရေကြိုက်နှစ်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် မြေအစိုဓာတ်ရှိစေရေး ရေတင်ပေးခြင်း၊ လိုအပ်ပါက သဘာဝအပင်အားဆေး၊ ပိုနှင်ဆေးများဖျန်းပေးရကြောင်း ဘူးသီးနှံသည် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး တစ်ရက်ခြားခူးဆွတ်ရောင်းချရဖြင့် စိုက်သင့်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း ဘူးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment