MNP - သြဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံပေးခြင်းနှင့် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက်တွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အသက်(၁၅)နှစ်မှ (၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင် (၃၃၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးနွဲ့
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment