MNP - ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ India နေကြာမျိုး၊ မျိုးသန့်ပွားစိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စံပြစိုက်ကွက်(၅)ဧက စိုက်ခင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်၌ နေ့ကြာသီးနှံ စနစ်တကျတိုးချဲ့စိုက်ပျိုးလာကြစေရန်၊ မျိုးကောင်း/မျိုးသန့်များ ပိုမိုသုံးစွဲနိုင်ရန်၊ ဒေသတွင်းဆီဖူလုံမှုပိုလျှံလာစေရန် ရည်ရွယ်၍ India နေကြာမျိုး၊ မျိုးသန့်ပွားစိုက်ပျိုးခြင်းဖြစ်ပြီး အဆိုပါစိုက်ပျိုးပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မိုင်းယန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးခင်မောင်သန်း တို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ခွန်ရဲထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment