မော်လိုက်(အထက)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်(အထက)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ



MNP - သြဂုတ်   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။


ကွင်းဖွင့်ပွဲတွင် မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းအိခိုင်မှ အဖွင့်အမှာစကားပြောကြားကာ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်အား ရွတ်ဆိုခဲ့သည်။


ယင်းနောက် ကျောင်းကောင်စီဥက္ကဋ္ဌဖလား၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် အနော်ရထာအသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ/ဆရာမများ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဗန္ဓုလအသင်းက အနော်ရထာအသင်းအား သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


အဆိုပါ မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အထက်တန်း၊အလယ်တန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း(၅)သင်း၊ အမျိုးသမီးအသင်း (၅)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား သြဂုတ်လ(၁၇)ရက်နေ့မှ စက်တင်ဘာလ (၄)ရက်နေ့အထိ ကျောင်းဖွင့်ရက်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)