MNP ၊ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ပေါင်မြို့နယ် မိုးများ၍မြေသားများ ပြိုဆင်းနေသဖြင့် အနီး နေအိမ်များပြောင်းရွှေ့ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မြေသားများ ပြိုဆင်းနေနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖများ သည် ကဒုံစီးရပ်ကွက် ကျွဲခြံတောင်
မိုးများ၍မြေသားများပြိုဆင်းနေသဖြင့် အနီးရှိနေအိမ်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် လိုက်လံသတိပေးဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ဒရိန်းကျေးရွာအုပ်စု၊ ကွင်းပိုင်းရှိ လယ်တဲအိမ်များ ရေကြီးလျက်ရှိသည့်အတွက် ဒရိန်းသာယာချမ်းမြေ့ဘုန်းကြီးကျောင်းတွင် ကယ်ဆယ်စခန်းဖွင့်လှစ်ထားပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment