ငပုတောမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်အသိပညာပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်အသိပညာပေး

 



MNP - ဩဂုတ်   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ငပု‌တောမြို့နယ် စည်ပင်သာယာရေးကော်မတီ မှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း အပြင်ဈေးရောင်း ဈေးဝယ်ပြည်သူများအား အသိပညာပေး ဆောင်ရွက်ကြသည်။


အဆိုပါ အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦး‌မောင်မောင်နိုင်နှင့် ဝန်ထမ်း များ ပူးပေါင်ပြီး ပလတ်စတစ်မသုံးစွဲရေး အသိပညာပေးခဲ့ကြောင်း သိရသည်။


‟ကမ္ဘာမြေကျန်းမာဖို့ ပလတ်စတစ်ကို ရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း ဈေးဝယ် ပြည်သူများ အနေဖြင့် အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား ပလတ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ ဆွဲခြင်း စတဲ့ပစ္စည်းများဖြင့် အစားထိုးသုံးစွဲတတ်စေရန် အသိပညာပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)