မိုးညိုမြို့၊‌ ဇောတိကရပ်ကွက်ရှိ အနော်ရထာလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နူန်းပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့၊‌ ဇောတိကရပ်ကွက်ရှိ အနော်ရထာလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နူန်းပြီးစီး

 



MNP - ဩဂုတ်   ၂၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၄၈•၂၈) သန်းဖြင့်‌ ဇောတိကရပ်ကွက်ရှိ  အနော်ရထာလမ်း အား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၅၀ ရာခိုင်နူန်ူး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် (၁၁၀၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၈) လက်မ၊ လမ်းပခုံး(၂)ပေရှိ ကွန်ကရစ်လမ်းအား မိုးညိုထွန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီး‌အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကွန်ကရစ်လမ်းပြီးစီးပါက အထက(မိုးညို)ကျောင်းလမ်းဖြစ်သည့်အတွက်‌‌ ကျောင်းသား၊‌ ကျောင်းသူ မိဘပြည်သူများ သွားလာရေးပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း၊ မြို့ပေါ်(၅)ရပ်ကွက်မှ ပြည်သူများကျောင်းနှင့် ဈေးသို့လာ‌သွားလာရာတွင် ဖြတ်လမ်းအဖြစ်သွားလာနိုင်‌ကြောင်း၊ မြို့သန့်ရှင်းသာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားလာရေးအဆင်ပြေလွယ်ကူမည့်အပြင် ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)