စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၆)ခု ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၆)ခု ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်




MNP - သြဂုတ်   ၂၀


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မြို့နယ်ဌာနဆိုင်ရာ ၁၆ ခုပါဝင်သောအဖွဲ့ဖြင့် ယမန်နေ့ နံနက်(၉)နာရီမှစ၍ စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာတွင်  မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ရှေးဦးစွာ တောင်အင်းကျေးရွာ၊ ငါးဆူတောင်စေတီဘုရားဝင်း ဓမ္မာရုံတွင် ဒေသခံပြည်သူ ၃၀၀ ဦးခန့်နှင့် တွေ့ဆုံပွဲ ကျင်းပသည်။


အဆိုပါ တွေ့ဆုံပွဲတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်/ ကျေးပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့်  ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့်  ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံများကိုယ်စား ပြည်သူတစ်ဦးက ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့်အကြံပြုချက်များ တင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။


ဆက်လက်၍  မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၆)ခုက စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားမြေပြင် ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် တောင်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အရိပ်ရပျိုးပင်များ စုပေါင်း စိုက်ပျိုးပေးခြင်း၊ ကျောင်းသားကျောင်းသူ (၃၁) ဦးအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ ပြည်သူ(၄)ဦးအား အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊  ပြည်သူ (၂၀၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြည်သူ (၅၀)ဦးအား အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ပြည်သူ (၃)ဦးအား မွေးစာရင်းလက်မှတ် ထုတ်ပေးခြင်း၊ ဆေးရည်စိမ် ခြင်ထောင်(၅၀)လုံး ဖြန့်ဝေပေးခြင်း၊ အိမ်သုံး လျှပ်စစ်မီတာ (၁၈)လုံး တပ်ဆင်ပေးခြင်း၊ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ ငါးအမိုင်နို ရွက်ဖျန်းအား ဆေးရည် ပြုလုပ်ပုံ လက်တွေ့သရုပ်ပြခြင်း၊ ကျွဲ(၃၀)ကောင်အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ နွား (၁၂၀)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း စသည့်  ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြာင်း သိရသည်။


သတင်း - တင်ဇာလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)