ရခိုင်ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် စပ်လျဉ်းသည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် စပ်လျဉ်းသည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊  ဩဂုတ်  ၂၉

ရခိုင်ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်  ဖြည့်စွက် ခွင့်ပြုငွေတောင်းခံခြင်းနှင့် စပ်လျဉ်းသည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ဖြည့်စွက် ရန်ပုံငွေနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ညွှန်ကြားချက်များ၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ပြဌာန်းခဲ့ပြီး ဖြစ် ကြောင်း၊ ထိုဥပဒေများနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများသည် လုပ်ငန်း များဆောင်ရွက်ရာတွင် အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်အတိုင်း ရငွေများကို အပြည့်အဝ ရရှိရန်နှင့် အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ် သုံးစွဲကြရန်လိုအပ်ကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာတွင် မူလခွင့်ပြုငွေတွင် ပါဝင်သည့် ကိစ္စရပ် များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ မူလခွင့်ပြုချက်ရရှိပြီးသည့် လုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့် အဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အသားတင်လိုအပ်ငွေကိုသာ အဓိက ထားတောင်းခံရန်ဟု ဖော်ပြထားကြောင်း၊ နိုင်ငံခြားငွေဖြင့် ရငွေ၊ သုံးငွေ လျာထားချက်များအပေါ် ညီမျှ သည့် မြန်မာကျပ်ငွေဖြင့် လျားထားတောင်းခံရာတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းအား အမေရိကန်တစ် ဒေါ်လာလျင် ၂၁၀၀ ကျပ်ဖြင့် ရေးဆွဲတောင်းခံရန် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ဖြည့်စွက်တွင် အရေးကြီးသည်များကိုသာ တင်ပြရန်လိုကြောင်း၊ လုပ်ငန်းစီမံကိန်းများ မစတင်မှီ ကနဦးစိစစ်ချက် (Feasibility Study)များကို ဆောင်ရွက်ရန်လိုကြောင်း၊ ရပ်ကွက်ကျေးရွာများ၏ လမ်းများကို အစိုးရ ဘတ်ဂျက်နှင့် ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် လုပ်ငန်းများ ဆောင်ရွက်ပါက ပိုမိုကောင်းမွန်ပါ ကြောင်း၊ ဖြည့်စွက်တွင်မပါရှိသော်လည်း မိမိလုပ်ငန်းများကို အားသွန်ခွန်စိုက် အကောင်းဆုံးဆောင် ရွက်ရန်လည်း အရေးကြီးပါကြောင်းနှင့်ခြွင်းချက်ရှိသော လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စိစစ်ပြီး တင်ပြပေးမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ခွင့်ပြုထားသောရန်ပုံငွေဖြင့် မလုံလောက်သည့်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာတွင် လိုက်နာဆောင်ရွက်ရမည့် အကြောင်း အရာများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်  ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ 

ထို့နောက်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်  ဖြည့်စွက်ခွင့်ပြုငွေတောင်းခံထားသည့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ 


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)