အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြော





MNP ၊ ဩဂုတ် ၂၉

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းများ၌ အသိပညာပေးအစီအစဉ် (quick-win Project) ဟောပြောပွဲကိုယနေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာလူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ဆွေဆွေတင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ ၊ မူးယစ်အန္တရာယ်ဆိုင်ရာများ၊ လူကုန်ကူးမှုအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ မိုင်းအန္တရာယ်ဆိုင်ရာသိကောင်းစရာများကို လည်းကောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများနှင့် အပြန်အလှန် အသိပညာပေးဆွေးနွေးခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကိုပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများ လာရောက်လေ့လာကြည့်ရှုကြပြီး ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းကနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြား ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)