MNP - သြဂုတ် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျိုက်လတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ငါးသယံဇာတများ ပေါများကြွယ်ဝ စေရေးနှင့် ငါးရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ကျိုက်လတ်မြစ်နှင့် ကြေးတိုင်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်းနှင့် အဖွဲ့ဝင်များ၊ ကြေးတိုင်အင်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ဆန်းနှင့် ဝန်ထမ်းများ၊ အင်းသားကြီးများ တက်ရောက်ခဲ့ကြပြီး ငါးမြစ်ချင်းကောင်ရေ (၁၁၈၁၇၀)ကောင်ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်း - ရီရီမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment