ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပြည်ထောင်စုဝန်ကြီးများ “အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်မှုကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပြည်ထောင်စုဝန်ကြီးများ “အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်မှုကြည့်ရှုစစ်ဆေး


MNP ၊ ဩဂုတ် ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲပိုင်း တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ “အသက်ထက်မြတ်သောဂုဏ်သိက္ခာ”  ဇာတ်တော်ကြီး ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်လာသူများကို “အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်တော်ကြီးတင်ဆက် ကပြရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ဇာတ်တော်ကြီးတင်ဆက်ကပြအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်သင့်သည့် ဇာတ်ဝင်ခန်းများ၊ ဇာတ်ဝင် ဇာတ်စာ ဇာတ်စကားများကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ဇာတ်တော်ကြီးတင်ဆက်ကပြသော အနုပညာရှင်ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးကိုကို၊ ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦးနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။


“အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်ကြီးတွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ်အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊ ရဝေရှင်ထွေးအဖြစ် ဒေါ်သီရိမျိုးစံ၊ အင်းဝဘုရင် မင်းရဲနန္ဒမိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ လူရွှင်တော်များဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်နှင့် ဇာတ်ပို့ဆိုင်း ရွာစားနိုင်လင်းဗိုလ်နှင့်အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားသည်။


အနုပညာဦးစီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုများကိုအခြေခံသည့် ဖျော်ဖြေရေးအစီအစဉ်များကို ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)