မိုင်းယုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူး ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူး ကွင်းဆင်းကြည့်ရှု




MNP - ဩဂုတ်   ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဒွန်းနွဲ့နှင့်မိုင်းလွေကျေးရွာအုပ်စုမှ မိုင်းယုမြို့မရပ်ကွက်သို့ ဆက်သွယ်ထားသည့် နမ့်ဖွန်ချောင်းကူးတံတား တည်ဆောက်ပေးနိုင်ရေးနှင့် မိုင်းယုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ညနေပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မိုင်းယုမြို့ရှိ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအုပ်စုနှင့် မိုင်းယုမြို့သို့ ဆက်သွယ်ပေးထားသည့် အရှည် ၆၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေရှိသည့် နမ့်ဖွန်ချောင်းကူး သံဘောင်တံတားတစ်စင်းသည် မိုးရွာပြီး နမ့်ဖွန်ချောင်းရေတိုက်စားမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းက ပြိုကျပျက်စီးခဲ့ရခြင်းဖြစ်ပြီး ယခုအခါတံတားမရှိသဖြင့် ဒေသခံပြည်သူများသည် မိုင်းယုမြို့ပေါ်သို့လာရောက်ရန်အတွက် အခြားလမ်းမှ ကွေ့ပတ် သွားလာရသည့်အတွက် ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားအတွက် အခက်အခဲရှိနေကြောင်း ဒေသခံပြည်သူများ၏ တင်ပြချက်အရ သိရသည်။


မိုင်းယုမြို့ပေါ်နှင့်ဆက်သွယ်ပေးထားသည့် အဆိုပါ နမ့်ဖွန်ချောင်းကူးတံတားသည် မိုင်းလွေ ကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးလုပ်ငန်းအတွက် အဓိကထား သွားလာရသည့် တံတားတစ်စင်းလည်းဖြစ်ပြီး တံတားသစ်ကို တည်ဆောက်ပြီးစီးပါက သွားလာရန် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။


သတင်း - ကိုကိုနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)