မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - သြဂုတ်   ၆


မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့က မြို့မ (၂) ရပ်ကွက်ရှိ အခြေခံပညာ မူလတန်း ကျောင်း (အဲမွန်ဒယာ) ၌ ပြုလုပ်သည်။


ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းလူမှုဆက်ဆံရေးမှူး ဒေါ်ဆွေဆွေလွင်က ကျောင်းသား/သူများ ကျန်းမာပျော်ရွယ် စာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန် သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေးနှင့် မိုးတွင်းကာလ ကလေးငယ် များတွင် ဖြစ်ပွားသည့်  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ အကြောင်းကို ပြောကြားခဲ့သည်။ ထို့နောက် မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက အစားအစာများတွင် ပါဝင်သော ဆိုးဆေးအန္တရာယ် အကြောင်း၊ ပလပ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချနိုင်ရေးအတွက် အကြောင်းအရာ များကို ဟောပြောခဲ့သည်။


ဆက်လက်၍   ကျန်းမာရေးဝန်ထမ်းများက  ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု အခြေ အနေများ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို ကျောင်းသား/သူ စုစုပေါင်း ၁၇၀ ဦးအား ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)