ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၂)တွင် မြေပဲများစတင်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၂)တွင် မြေပဲများစတင်စိုက်ပျိုး



MNP - ဩဂုတ်   ၂


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၂)နှစ်တွင် တောင်သူများအနေဖြင့် မြေပဲများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ် (၁၄၇၂)(၁၄၇၃)အစရှိသည့် စိုက်ကွင်းများသည် ဆည်ရေသောက်စိုက်ကွင်းများ မဟုတ်သည့်အတွက် မိုးရေကိုအဓိကထား၍ စိုက်ပျိုးရေးလုပ်ဆောင်နေသောကွင်းများဖြစ်ပြီး ယခုနှစ်မိုးရွာသွန်းမှုများကြောင့် မြေမဲများစိုက်ပျိုးရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ကွင်းအမှတ်(၁၄၇၂)ရှိ တောင်သူများအနေဖြင့် ယခင်နှစ်ကဆိုရင် (၁)ဧက မြေပဲတင်း(၇၀-၈၀)ကြားထွက်ရှိကာ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၁၄၀၀၀ မှ ၁၅၀၀၀)ကြားရရှိခဲ့ကြောင်း တောင်သူဦးကျော်ထံမှ သိရသည်။ ယခုနှစ်စိုက်ပျိုးရေးရာသီတွင်လည်း မိုးရွာသွန်းမှုများရှိတာကြောင့် မြေပဲများစတင်စိုက်ပျိုးခြင်းဖြစ်ပြီး ကွင်းအမှတ် (၁၄၇၂)နှင့်(၁၄၇၃)တို့တွင် မြေပဲစိုက်တောင်သူ(၄၀)ကျော်ရှိကာ စိုက်ပျိုးဧက(၇၀)ကျော်ရှိကြောင်းနှင့် မြေပဲမျိုးအနေဖြင့် တစ်တင်းလျှင်(၂၅၀၀၀)ကျပ်ရှိကြောင်း တောင်သူဦးကျော်မှ ဆက်လက်ရှင်းပြသည်။


ဝမ်းတွင်းမြို့နယ်ရှိ အရှေ့ဘက်ခြမ်းစိုက်ကွင်းများသည် ဆည်ရေများရရှိကာ ဆည်ရေကိုအဓိကထားစိုက်ပျိုးရေးလုပ်ဆောင်နေသော ကျေးရွာများဖြစ်ပြီး ဝမ်းတွင်းမြို့နယ်ရှိ အနောက်ဘက်ခြမ်းဒေသများသည် ဆည်ရေမရရှိသောကြောင့် မိုးရေကိုသာအဓိကထားကာ စိုက်ပျိုးရေးလုပ်ကိုင်သော ကျေးရွာများဖြစ်ကြောင်း သီးနှံများအနေဖြင့် စပါး၊ ငရုတ်၊ ဝါ၊ နှမ်း၊ မြေပဲများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။


သတင်း - ဌေးလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)