MNP ၊ သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ငါးရိက္ခာဖူလုံမူရှိစေရေး ငါးသယံဇာတပေါများကြွယ်ဝစေရေးနှင့် မြစ်ချောင်းများအတွင်း ငါးထုတ်လုပ်မူ တိုးတက်စေရေးအတွက် ယနေ့ သြဂုတ် ၂၈ ရက် နံနက်(၁၀)နာရီခွဲ အချိန်က အမှတ်(၆)ရပ်ကွက် တုံးလှဲချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကိုကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မူဖြင့် မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမူနှင့် ဝန်ထမ်းများ ရေလုပ်သားများ စုစုပေါင်း အင်အား(၃၀)ဝန်းကျင်ခန့် တက်ရောက်ကြပြီး နှစ်လက်မအရွယ် ငါးမြစ်ချင်းငါးမျိုးအကောင်းရေ သုံးသိန်းနှင့် ငါးခုံးမ ငါးမျိုးကောင်ရေ တစ်သိန်း စုစုပေါင်းငါးမျိုးကောင်ရေ လေးသိန်းကို စိုက်ထည့်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment