မိတ္ထီလာမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်း ဖွင့်ပွဲလှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်း ဖွင့်ပွဲလှစ်သင်ကြား



MNP - သြဂုတ်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဦးစီးဌာန၏ အဓိကလုပ်ငန်းများမှ သတင်းရေးသားထုတ်ပြန်ခြင်းလုပ်ငန်းများကို ဝန်ထမ်းတိုင်းဆောင်ရွက်နိုင်ရန် သတင်းရေးနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးမည့် သင်ခန်းစာများအား သေခြာစွာသင်ယူပြီး လက်တွေ့နယ်ပယ်များမှာ အသုံးချသွားစေလိုကြောင်း၊ သင်တန်းတက်ရောက်ပြီးပါကလည်း သတင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြများမှ သင်တန်းကို ဆက်လက်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် သတင်းရေးသားနည်းရာတွင် လိုက်နာရမည့်အချက်များ၊ စာနယ်ဇင်းကျင့်ဝတ်များ၊ သတင်းရယူရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းဓာတ်ပုံရိုက်ကူးနည်း၊ အင်တာဗျူးရာတွင် လိုက်နာရမည့်အချက်များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသားများမှ သတင်းရေးသားခြင်း လက်တွေ့ရေးသားခဲ့ကြသည်။ ၎င်းသင်တန်းကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသားသင်တန်းသူ ၁၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ တစ်ရက်သာဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)