မိုင်းယောင်းမြို့ ထပ်လုံစေတီတော် သာသနာ့ဂရန်လျှောက်ထားနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့ ထပ်လုံစေတီတော် သာသနာ့ဂရန်လျှောက်ထားနိုင်ရေး ကွင်းဆင်းဆောင်ရွက်



MNP - ဩဂုတ်   ၃၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော် သာသနာ့ဂရန်လျှောက်ထားနိုင်ရေးအတွက် ဩဂုတ် ၂၈ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် မြို့နယ်ဂေါပကအဖွဲ့ဝင်များက နယ်နိမိတ်တိုင်းတာခြင်း၊ နယ်နိမိတ်တိုင် စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


သီရိလင်္ကာနိုင်ငံမှ ရဟန္တာလေးပါးက မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါ ဆံတော် လေးဆူ၊ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဆံတော်လေးဆူ၊ စုစုပေါင်း ဆံတော်ရှင်ရှစ်ဆူနှင့် နဖူးညှပ်ရိုးတော်များကို ပင့်ဆောင်ဌာပနာပြီး မြန်မာသက္ကရာဇ် ၃၇၇ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၀၁၅ ခုနှစ်၊ သာသနာသက္ကရာဇ် ၁၅၅၉ ခုနှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ကြောင်း၊ အောက်ခြေ အနက် (၁၂) တောင်၊ အကျယ် (၈) တောင်ရှိကြောင်း၊ စေတီတော်၏ အောက်ခြေပိုင်း တစ်ခုလုံးကို နဂါးမင်း၊ ဗြဏ္မာမင်းနှင့် နတ်သိကြားများက ညပိုင်းတွင် တည်ထားပေးခဲ့ကြောင်း၊ ရဟန္တာလေးပါးက သာသနာနှစ် ၅၀၀၀ တိုင်အောင် ဆီမီးထွန်းညှိပူဇော်ပေးထားကြောင်း၊ စင်္ကြာဝတေးမင်းက ဘီလူးလေးကောင်ဖန်ဆင်းပြီး စေတီတော်ကို အရပ်လေးမျက်နှာမှ စောင့်ရှောက်ပေးထားကြောင်း၊ ထပ်လုံမြို့နှင့် ခုနစ်မိုင်အကွာရှိ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာအနီးရှိ မဟီယင်္ဂနတောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်ပြီး ဉာဏ်တော် (၁၈) တောင် ၊ (၂၇)ပေ အမြင့်ရှိပြီး ဘုရားပွဲကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးများဖြင့် အထူးစည်ကားကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)