MNP - ဩဂုတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့ ၂ နာရီက ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကစက်သုံးဆီအရောင်းဆိုင်များအား အကန့်အသတ်ဖြင့်ရောင်းချခြင်းများမရှိစေရေး၊ စက်သုံးဆီများသတ်မှတ် ဈေးနှုန်းထက်မြှင့်တင်၍ ရောင်းချခြင်းမရှိရေး၊ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ ဆီချိန်တွယ်မှုများ၊ မီးဘေးအန္တရာယ် လုံခြုံမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးပြတ်လပ်မှုမရှိစေရေးအတွက် ပုံမှန်ဖွင့်လှစ်ရောင်းချရေးကို ကြိုးပမ်းဆောင်ရွက်ရေး၊ မီးဘေးလုံခြုံရေးအတွက်(အထူး)ဂရုပြု လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း စသည်တို့ကို လုပ်ငန်းရှင်များနှင့် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - အောင်ကိုဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment