ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်



MNP - ဩဂုတ်   ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။


အခမ်းအနားမှူးသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အခမ်းအနားမှူးဆိုသည်မှာ အခမ်းအနားတစ်ခု အောင်မြင်ချောမွေ့စွာပြီးမြောက်နိုင်ရေးအတွက် ဦးဆောင်သူ၊ တာဝန်ရှိသူဖြစ်ရာ ဝတ်စားဆင်ယဉ်မှုနှင့် လေယူလေသိမ်းကောင်းမွန်ရေး၊ ကျန်းမာရေးကောင်းမွန်ရေး၊ ယုံကြည်မှုရှိရေးတို့လိုအပ်ကြောင်း၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲပြောကြားရေး၊ ကြိုတင်ပြင်ဆင်ရေးအခမ်းအနားများ ကျင်းပရာတွင်လည်း အခမ်းအနားမှူးတစ်ယောက်တွင်ရှိရမည့် အဓိကအရည်အချင်းများသိရှိစေရန်အတွက် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားမှူးသင်တန်းတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနမှဆရာမများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဩဂုတ်(၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်ဒေါ်နွဲ့နွဲ့ရီတို့က စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - တင်တင်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)