၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ



MNP - သြဂုတ်   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွှေဧရာအောင်အားကစားခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ကျိုက်လတ်မြို့နယ်သည် ဖျာပုံခရိုင် တစ်ခုလုံးတွင် အောင်ချက်အကောင်းဆုံးမြို့ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ယခုကဲ့သို့ အောင်မြင်မှုများရရှိအောင် တပည့်ကောင်းဖြစ်အောင် ကြိုးစားခဲ့ကြ သကဲ့သို့ နောင်အနာဂတ်တွင်လည်း မိမိရပ်ရွာဒေသ၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် မိမိနိုင်ငံတော်က အားကိုးအားထား ပြုရသည့်သူများဖြစ်ပြီး တိုင်းပြည် ပိုမိုတိုးတက်အောင် ဦးဆောင်နိုင်သည့်သူများ ဖြစ်လာအောင် ဆက်လက် ကြိုးစားကြစေလိုကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်း များနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်အေးအေးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ ကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မောင်အောင်မင်းခန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၅)ခုမှ ဝင်ရောက်ဖြေဆိုသူ (၁၁၅၆)ဦး၊ အောင်မြင်သူ (၆၀၀)ဦးနှင့် အောင်ချက်ရာခိုင်နှုန်း (၅၁.၉၀)ရှိပြီး ငါးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၆)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၅၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇၆)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၂၀၉)ဦးရှိကြောင်း သိရသည်။


အခမ်းအနားသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး အထက-၁၊ အထက-၂၊ အထက-၃ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများနှင့် မြို့နယ်ဘင်ခရာတပ်ဖွဲ့တို့က တက်ရောက်လာကြသူများအား တေးသီချင်းများနှင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)