မိုင်းရှူးမြို့နယ်တွင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းရှူးမြို့နယ်တွင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ




MNP - သြဂုတ်   ၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဌ)ဖလား ရပ်ကွက်နှင့်‌ကျေးရွာပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ အ.ထ.က မိုင်းရှူးအသင်းနှင့် အ.လ.က မိုင်းရှူးအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အ.ထ.က မိုင်းရှူးအသင်းက အ.လ.ကမိုင်းရှူး အသင်းအား (၅ ဂိုး - ၄ ဂိုး ) ဖြင့်အနိုင်ရရှိခဲ့ သည်။


ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ မိုင်းရှူးမြို့နယ် ကြက်ခြေနီအသင်းကို မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဇော်နီချစ်က ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိသော အလက မိုင်းရှူးအသင်းအား တစ်ဦးချင်း ငွေဆွဲပြားဆုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က လည်းကောင်း၊ ပထမဆုရရှိ‌သော အထကမိုင်းရှူး အသင်းအား တစ်ဦးချင်း ရွှေဆွဲပြားဆုကို ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆန်းဦးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ဂိုးသမား အကောင်းဆုံးဆု၊ အကောင်းဆုံးကစားသမားဆု ရရှိကြသည့် အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ် တို့ကို ရဲမှူးကြီး မြတ်မင်း‌ထွေးကလည်းကောင်း၊ ဒုတိယဆုရရှိသော အ.လ.က အသင်း အားငွေသားဆုနှင့် ဆုတံဆိပ် များကို ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးမောင်မောင်လွင်ကလည်းကောင်း၊ ပထမဆုရရှိသော အ.ထ.က အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုတို့ကို စခက(၁၈)အမှတ်(၂)နည်းဗျုဟာမှူး ဗိုလ်မှူး‌ကြီး ကျော်လင်းကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။


အဆိုပါ ၂၀၂၂ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဌ)ဖလား ရပ်ကွက်နှင့်‌ကျေးရွာပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ( ၇ )သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)