နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ကျင်းပ



MNP - သြဂုတ်   ၁


ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများကို   ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းတွင်းရှိ ဘောလုံးကွင်းတွင် ဖွင့်ပွဲအခမ်းအနား   ကျင်းပသည်။


အခမ်းအနားတွင် နည်းပညာတက္ကသိုလ် (တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က  ကျောင်းသား၊ ကျောင်းသူများသည် မူလရည်မှန်းချက် ဖြစ်သည့်  အင်ဂျင်နီယာကောင်းများဖြစ်အောင် ပညာရပ်များကို ကြိုးစားသင်ယူရင်း ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးအတွက် နေ့စဉ်ဘဝနေထိုင်မှုတွင် မိမိတို့နှစ်သက်ရာ အားကစားများပြုလုပ်ရန် တွန်းအားပေးစေလိုခြင်း၊ အသင်းအဖွဲ့ဖြင့်ညှိုနှိုင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲများမှ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာအောင် ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် စက်မှုအင်ဂျင်နီယာအသင်းနှင့် အီလက်ထရောနစ် အင်ဂျင်နီယာအသင်းတို့မှ ဖူဆယ်ဘောလုံးပြိုင်ပွဲဖြင့် စတင်ယှဉ်ပြိုင်ကစားကြပြီး  တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်အားပေးကြသည်။


နည်းပညာတက္ကသိုလ် (တောင်ငူ)၌ မိုးရာသီ ပါမောက္ခချုပ်ဖလား ပြိုင်ပွဲများအဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင်  (ကျား/မ) (၁၀)သင်း၊ မြန်မာ့ရိုးရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (ကျား)(၅)သင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် (နှစ်ယောက်တွဲ) (၅) သင်း၊ တစ်ဦးချင်းပြိုင်ပွဲတွင် (၅) တွဲဖြင့် ယှဉ်ပြိုင် ကစားလျက်ရှိ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)