ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ

 




MNP - ဩဂုတ်   ၂   


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့  မွန်းလွဲပိုင်း ( ၂:၃၀ )  နာရီက ခရိုင်အားကစားကွင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ 


ရှေးဦးစွာ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ပြည်သူများအား အားပေးစကား ပြောကြားခဲ့သည်။


ဆက်လက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် ပြည်သူများအား နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်  ဝဏ္ဏကျော်ထင် ဦးမောင်ကိုတို့မှ  အိမ်ထောင်စုဝင်ဦးရေ ( ၃၀၉၆ ) ဦးအတွက် ထောက်ပံ့ငွေနှင့်  ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည် ။


ဆက်လက်ပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအပေါ် ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။   


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)