ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ




MNP - သြဂုတ်   ၂


ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘော်လုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့ နဝရတ်အားကစားခန်းမတွင် ကျင်းပြုလုပ်သည်။


ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်ဖူဆယ်ဘောလုံးအသင်းများက ကွင်းအတွင်းနေရာယူကြကာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများက မြန်မာ့ရိုးရာခြင်းလုံးစွမ်းရည်၊ ပန်းပွားအကများဖြင့် သရုပ်ပြဖြေဖျော်ကြသည်။


ဆက်လက်၍ အမျိုးသားပြိုင်ပွဲအဖြစ် အလကခွဲ(ဘုရင့်နောင်)အသင်းနှင့် အထက(၃)အသင်း၊ အမျိုးသမီးပြိုင်ပွဲအဖြစ် အထက(၃)နှင့် အထက(၁)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။     


အဆိုပါ ဖူဆယ်ပြိုင်ပွဲတွင် ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် အမျိုးသားဖူဆယ်ဘောလုံးအသင်း(၁၁)သင်းနှင့် အမျိုးသမီးဖူဆယ်ဘောလုံးအသင်း(၆)သင်းက အုပ်စုခွဲကာ သြဂုတ်လ(၁)ရက်မှ စတင်၍ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)